Home » Activities Plan

Activities Plan

Activities Plan

  • To implement Technological University (Banmaw) as an international University together with the advanced technologies and engineering fields.
  • To implement education by catching up international level.
  • To cooperate in a democracy with basic human resources in harmony.
  • To cooperate and consult with national and international discussion

To produce qualified engineers trained with theory and practical activities and to let the students cooperate with social, economic and technical development.

ဆောင်ရွက်မည့် ရေတို၊ ရေရှည်စီမံကိန်းများ

ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်ဖြစ်ပေါ်နေသော အင်ဂျင်နီယာနှင့်နည်းပညာဆိုင်ရာ ပညာရပ် နယ်ပယ်များကို မျက်ခြည်မပြတ်လေ့လာ၍ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အဖြစ် အကောင်အထည်ဖေါ် ဆောင်ရွက်ရန်။

လွတ်လပ်၍တက်ကြွသော ပညာရပ်ဝန်းကျင်ကောင်းများနှင့် ပြည့်စုံစေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတကာအဆင့်မီပညာရေးကို ဖေါ်ဆောင်ရန်။

မိမိတက္ကသိုလ်၏ပညာရေးသည် ဒီမိုကရေစီအသိုက်အဝန်းတွင် အခြေခံကျသောလူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ပေးပြီး သုတေသနဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှု၊ နည်းပညာ ပြောင်းလဲမှုတို့နှင့်အတူ ဟန်ချက်ညီညီပါဝင်လုပ်ဆောင်ရန်။

နည်းပညာတက္ကသိုလ်(ဗန်းမော်) အနေဖြင့် ပြည်တွင်း/ပြည်ပ နည်းပညာနှီးနှောဖလှယ်မှု လုပ်ငန်းများကို ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန်။

စွမ်းဆောင်ရည်ရှိသော ဘွဲ့ကြိုနှင့်ဘွဲ့လွန်ကျောင်းသား/သူများ ထွန်းပေါက်လာစေရန်အတွက် သင်တန်းများတွင် စာတွေ့နှင့်လက်တွေ့များကို စနစ်တကျသင်ကြားပေးရန်နှင့် မိမိနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။